အချိန်ပို သွင်းဂိုးများဖြင့် ဘာစီလိုနာ စပိန်ဘုရင့်ဖလားတွင် ဗိုလ်စွဲ

May 23, 2016

အချိန်ပို သွင်းဂိုးများဖြင့် ဘာစီလိုနာ စပိန်ဘုရင့်ဖလားတွင် ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ဆီဗီးလာအသင်းတို့ မေလ ၂၂ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ အချိန်ပို ဆက်ကစားခဲ့ရာမှာ ဘာစီလိုနာအတွက် ဂျော်ဒီ အယ်လ်ဘာနဲ့ နေမာတို့က တဂိုးစီ သွင်းယူပြီး အနိုင်ရသွားခဲ့တာပါ။ ပွဲချိန် ၃၆ မိနစ်မှာ ဘာစီလိုနာ ကစားသမား မာရှေရာနို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရသလို မိနစ် ၉၀ မှာ ဆီဗီးလာ ကစားသမားတဦး တိုက်ရိုက်အနီကတ်၊ အချိန်ပို ဒုတိယပိုင်း ပြီးခါနီးမှာလည်း နောက်ထပ် ဆီဗီးလာ ကစားသမား ၁ ဦး ၂ ၀ါ ၁ နီနဲ့ ထပ်မံ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ဆီဗီးလာအသင်း ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ဘာစီလိုနာက အသာရခဲ့ပါတယ်။ ဒီ စပိန်ဘုရင့်ဖလားဟာ ဘာစီလိုနာအတွက် ၂၈ ကြိမ်မြောက် ရရှိတဲ့ ဆုဖလား ဖြစ်ပါတယ်။
6 years Ago
Up