ဖေ့ဘွတ်ခ်ဟာ ပထမဆုံးအကြိမ် အောင်သွယ်ဝန်ဆောင်မှု ပေးတော့မှာဖြစ်တယ်လို့ CEO မက်ဇူကာဘာ့ဂ်က မေလ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မက်ဇူကာဘာ့ဂ်က ဖေ့ဘွတ်ခ်ဟာ အွန်လိုင်း လူမှုဆက်ဆံရေးကို အဓိကထား တည်ထောင်ထားတာမို့ အောင်သွယ်ဝန်ဆောင်မှုက ကုမ္ပဏီနဲ့ သင့်တော်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဇူကာဘာ့ဂ်က ဒီဝန်ဆောင်မှုဟာ “ရေရှည်တည်မြဲတဲ့ အချစ်ရေး” အတွက် ရည်ရွယ်ပြီး “အပျော်သက်သက်” မဟုတ်ဘူးလို့ ဧည့်ပရိသတ်တွေကို ပြောခဲ့ပါတယ်။
ဖေ့ဘွတ်ခ် ဟာ သုံးစွဲသူတွေရဲ့ နောက်ကြောင်း ရှာဖွေလှန်လှောတာကို ဖျက်နိုင်တဲ့ "clear history" ခေါ် လွတ်လပ်ခွင့်ထိန်းချုပ်ရေး tool တခုကို တည်ဆောက်နေတယ်လို့လည်း ဇူကာဘာ့ဂ်က ပြောကြားခဲ့ပါတယ်။
3 years Ago