အချစ်တော် ခွေးနှစ်ကောင်နှင့်

June 2, 2017

အချစ်တော် ခွေးနှစ်ကောင်နှင့် အပန်းဖြေနေသည့် ဆန်းချက်ဇ်

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ ဘောလုံးရာသီ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် စပိန်နိုင်ငံမှာ သူရဲ့ဂိုးလ်းဒင်းရက်ထရီဗာ အမျိုးအစား ခွေး ၂ ကောင်နဲ့အတူ အပန်းဖြေနေခဲ့ပါတယ်။ အက်တမ်နဲ့ ဟမ်ဘာလို့ ခေါ်တဲ့ အဆိုပါခွေးနှစ်ကောင်ဟာ ဆန်းချက်ဇ်ရဲ့ အချစ်တော်တွေ ဖြစ်ပြီးတော့ သူ့ရဲ့ တွစ်တာအကောင့်မှာ နမ်းရှုပ်နေတဲ့ပုံကို တင်ခဲ့တာပါ။ ဆန်းချက်ဇ်ဟာ အသင်းနဲ့အတူ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း ၃၀ သွင်းယူထားပြီးတော့ အသင်းနဲ့ လစာညှိနှိုင်းနေစဉ်မှာ မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး အစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆန်းချက်ဇ်ကလည်း စာချုပ်သစ်အတွက် တပတ်လုပ်ခ ပေါင် ၃ သိန်းထိ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။
4 years Ago
Up