အချစ်ဇာတ်မြူးဒရာမာ

March 13, 2019

ရုံတင်တော့မည့် ဟောလိဝုဒ် အချစ်ဇာတ်မြူး ဒရာမာရုပ်ရှင် - For Love Or Money (နမူနာ)

ဟောလိဝုဒ် အချစ်ဇာတ်မြူး ဒရာမာအမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ For Love Or Money ကို လာမယ့် မတ်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Gravitas Ventures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Mark Murphy က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ချမ်းသာကြွယ်ဝမှုနဲ့ ချစ်ခြင်းမေတ္တာကြားမှာ မျှော်လင့်ထားသလို ဖြစ်မလာနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေသေးတာကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲက ဇာတ်ကောင်အမျိုးသား Mark ရဲ့ ဘဝဟာ အရာရာပြည့်စုံနေပြီး သန်းပေါင်းများစွာ ကြွယ်ဝတဲ့ မီလျံနာတဦးအဖြစ် ရှိနေခဲ့တာပါ။ သူဟာ ချစ်သူမိန်းကလေး Cornie နဲ့ လက်ထပ်လိုက်ပြီးချိန်မှာတော့ ထင်မှတ်မထားတဲ့ အကြောင်းအရာတခုကို သိလိုက်ရပါတော့တယ်။ အဲဒါကတော့ Cornie ဟာ သူ့ရဲ့ သန်းနဲ့ချီတဲ့ငွေတွေကို တိတ်တဆိတ် ခိုးယူဖို့ ကြံစည်နေခဲ့တာပါ။ ဒါကိုသိသွားချိန်မှာ Mark က ဘာဆက်လုပ်မလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အချစ်ဇာတ်မြူးပုံစံ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဗြိတိန်သရုပ်ဆောင်မင်းသား Robert Kazinsky နဲ့ သရုပ်ဆောင်မင်းသမီး Samantha Barks တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
2 years Ago
Up