အခမ်းအနားဖြင့်

November 2, 2019

ဂျာမနီဝန်ကြီးချုပ်ကို အိန္ဒိယအစိုးရ အခမ်းအနားဖြင့် ကြိုဆို

အိန္ဒိယနိုင်ငံကို နိုဝင်ဘာ ၁ ရက်နေ့က ရောက်လာတဲ့  ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကို အိန္ဒိယအစိုးရက အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။  အိန္ဒိယကို သုံးရက်ကြာ ခရီးစဉ်နဲ့ ရောက်လာတဲ့ မာကယ်ဟာ နယူးဒေလီမြို့ သမ္မတ နန်းတော်မှာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။  ဒါ့အပြင် မာကယ်ဟာ မဟတ္တမဂန္ဒီရဲ့ အထိမ်းအမှတ် ဗိမ္မာန်ကိုသွားရောက်ပြီး ပန်းခွေချ ဂါရဝပြုခဲ့ပါသေးတယ်။  အိန္ဒိယခရီးစဉ်အတွင်းမှာ မာကယ်ဟာ ဂျာမနီ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ဆက်ဆံရေး တိုးမြင့်ဖို့ ကြိုးစားနေတယ်ဆိုပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up