အခမ်းအနား

March 30, 2019

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနား ကျင်းပ

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Dolphin ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဟ်မဒီယာ မွတ်စလင်အဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပြီး ဘာသာတရားရဲ့ အဆုံးအမကို နာယူကျင့်သုံးပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးအမှန်တကယ်တည်တံ့စေဖို့၊ ဘာသာတရားတိုင်းရဲ့ သွန်သင်ချက်အဆုံးအမကို ထဲထဲဝင်ဝင် သိစေခြင်းဖြင့် ဘာသာဝင်နောက်လိုက်များအကြား အပြန်အလှန်လေးစားမှု ပေါက်ဖွားစေဖို့နဲ့ ဘာသာ အယူဝါဒ ခွဲခြားခြင်းမပြုဘဲ လူသားအားလုံးအပေါ် အမှန်တကယ် ကိုယ်ချင်းစာတရားထားရှိစေဖို့ ရည်ရွယ်ကျင်းပတာလို့ ဦးဇေယျာမိုး (သာနာပြု) က ပြောပါတယ်။ သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်လို့ ဒါဟာ ၄ ကြိမ်မြောက် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၁၂ နိုင်ငံမှာလည်း  မတ်လ ၃၀ ရက်နေ့မှာ တပြိုင်တည်း ကျင်းပနေတာပါ။ မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ ဘာသာပေါင်းစုံက ဘာသာဝင်အချင်းချင်း တယောက်ရဲ့ ဘာသာယုံကြည်ချက်ကို တယောက်က အပြန်အလှန်လေးစားမှုရှိဖို့နဲ့ အတူတကွ အေးချမ်းစွာနေထိုင်ကြဖို့၊ နိုင်ငံအတွင်းမှာ ဘာသာရေးပဋိပက္ခတွေမပေါ်ပေါက်စေဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ဘာသာပေါင်းစုံ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ဥက္ကဋ္ဌ ဦးသောင်းထိုက်က တိုက်တွန်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ YMCA အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဦးသာဉာဏ်၊ မြန်မာနိုင်ငံ ဟိန္ဒူဓမ္မသင်ကြားပို့ချရေးအဖွဲ့ (ဗဟို) ဆရာဦးဆန်းမင်းနိုင်နဲ့ ဗုဒ္ဓဘာသာဝင်ဘက်မှ ဝနဝါသီတောရကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒသုမနကနဲ့ ဘာသာပေါင်းစုံမှ ပရိသတ်တွေ တက်ရောက်ခဲ့ပါတယ်။
3 years Ago

October 13, 2018

ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနား ရန်ကုန်သူနာပြုတက္ကသိုလ်တွင် ကျင်းပ

ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ အဆစ်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ လူနာတွေအနေနဲ့ အဆစ်ရောင် လေးဖက်နာရောဂါအကြောင်းကို သိရှိပြီး ကျန်မားရေးဗဟုသုတွေ ရရှိဖို့အတွက်ကို ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ကို မြန်မာနိုင်ငံမှာ ကျင်းပတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်တွေအရ လူ ၅ ယောက်မှာ တယောက်ဟာ အရိုးအကြော အဆစ်ရောဂါဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒ်ီရောဂါဝေဒနာကြောင့် မသန်စွမ်းမှုအခြေအနေတွေကို ဖြစ်ပေါ်လာတာဟာလည်း ကမ္ဘာမှာဒုတိယအကြီးမားဆုံး ပြဿနာတရပ်အနေနဲ့ ရှိနေတာပါ။ မြန်မာနိုငံမှာတော့ အရိုးအဆစ်ရောဂါတွေထဲမှာ သွေးလေးဖက်နာ၊ အရိုးကျီးပေါင်းတက်ရောဂါ၊ ခါးနာရောဂါ၊ အရိုးပွရောဂါနဲ့ ခြေလက်ထိခိုက်ဒဏ်ရာ ရရှိမှုရောဂါတွေဟာ အများဆုံးဖြစ်ပွားနေတာပါ။ ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့ အခမ်းအနားကိုတော့ ကျန်မားရေးနှင့်အားကစား ၀န်ကြီးဌာနမှ အမြဲတွင်းအတွင်းဝန်၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆေးပညာရှင်တွေနဲ့ အရိုး၊ အကြောအဆစ် ဆေးပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်
3 years Ago
More News
Up