အခမဲ့ နေရပ်ပြန်ပို့ပေး

March 23, 2020

ထိုင်းမှပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို အခမဲ့ နေရပ်ပြန်ပို့ပေး (ဓာတ်ပုံ)

ကမ္ဘာကပ်ရောဂါ Covit-19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဝင်ရောက်နေကြပါတယ်။ နေရပ်ပြန်ဝင်လာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေး စစ်ဆေး ပေးတာ၊ ကိုယ်ရေးအချက်အလက်တွေ မှတ်တမ်းရယူတာ၊ ကျန်းမာရေး ၁၄ ရက်စောင့်ကြည့် ကုသပေးဖို့ အစီအစဉ်တွေကို ဒေသအစိုးအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနေပြီး နေရပ်ပြန်ရောက်တဲ့အထိ အဝေးပြေး ယာဉ်လိုင်းတွေနဲ့ အခမဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ Photo - Saw Tar Tu / MPA
2 years Ago
Up