တရုတ်နိုင်ငံ၊ ဇီကျန်းခရိုင်၊ ဟန်ကျိုးမြို့က အနှိပ်ခန်းတခုဟာ အရောင်းမြှင့်တင်တဲ့အနေနဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က လမ်းမပေါ်မှာ အနှိပ်ခုံတွေကို ခင်းကျင်းပြီး အခမဲ့ဝန်ဆောင်မှု ပေးခဲ့ပါတယ်။
အဲဒီနေ့က လမ်းသွားလမ်းလာတွေကို အခမဲ့ဝန်ဆောင်မှုပေးခဲ့ပြီး ဒီလုပ်ဆောင်မှု ကနေ အရင်ကစိတ်ဝင်စားမှုမရှိတဲ့ ဖောက်သည်တွေကိုပါဆွဲဆောင်နိုင်လိမ့်မယ်လို့ ချိုင်းနားဖိုတိုပရက်စ်သတင်းကဆိုပါတယ်။
သူတိုပဆိုင်အနေနဲ့ ကော်လာဖြူအလုပ်သမားတွေကို အဓိကဦးတည်ရည်ရွယ်ကာ ခုလို အရောင်းမြှင့်တင်မှုလုပ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago