အခမဲ့လှူဒါန်း

May 31, 2017

မြိတ်တွင် စေတနာရှင်လူငယ်များ ကျောင်းသုံးပစ္စည်းများ အခမဲ့လှူဒါန်း (ဓာတ်ပုံ)

တနင်္သာရီတိုင်း မြိတ်မြို့မှာ စေတနာရှင်လူငယ်တွေ စုပေါင်း အလှူငွေနဲ့ ကျောင်းသူ/သား၂၀၀၀) လောက်နဲ့ ဘက ကျောင်းတွေအပါဝင် မိဘမဲ့ ကလေးဂေဟာတွေကို ကျောင်းသုံး လွယ်အိတ်တွေနဲ့ စာရေးကိရိယာတွေကို မေ ၃၁ ရက်နေ့ လှူဒါန်းခဲ့ကြပါတယ်။ မြိတ်မှာ နှစ်စဉ် ကျောင်းဖွင့်ရာသီရောက်တိုင်း အခုလိုလှူဒါန်းပေးနေတာလို့ ဦးဆောင်သူ ဦးကိုလင်းက ပြောပါတယ်။ “ကျနော်တို့က နှစ်စဉ် ကျောင်းဖွင့်ရာသီနဲ့ ကျောင်းမဖွင့်မီရက်တွေမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ဆင်းနွမ်းပါးတဲ့ ချို့တဲ့ ကျောင်းသူ/သားတွေကို ပညာရေးကဏ္ဍ ကူညီပံ့ပို့တဲ့ အနေနဲ့ ကျောင်းသုံးစာရေးကိရိယာတွေကို ပုံမှန် လှူဒါန်းပေးကြပါတယ်။” ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းပွဲကို မြိတ်တောင်ကျေးရွာအုပ်စု၊ တရုတ်တန်းရပ်ကွက် အေးချမ်းဖြူစင်လမ်းမှာ ဒီနေ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းနှင့် သတင်းပုံ ဇော်ဇော် (မြိတ်)
4 years Ago
Up