အခမဲ့ပြသ

May 21, 2020

ပရီးမီးယားလိဂ်ပွဲစဉ် အချို့ကို အခမဲ့ပြသမည့်အစီအစဉ် အားလုံးအတွက်အကျိုးရှိနိုင်

ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကို အခမဲ့ ပြသမယ့်အစီအစဉ်က နှစ်ဘက်စလုံးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဗြိတိန်ယဉ်ကျေးမှုနဲ့ အားကစားဝန်ကြီးဌာန အတွင်းရေးမှူး  အိုလီဗာဒေါ်ဒင်က ပြောပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို Sky Sports နဲ့ BT Sports တို့က တိုက်ရိုက်ပြသခွင့် ရရှိထား ပြီး BBC က ဟိုက်လိုက် ပြန်လည်ပြသခွင့်ရရှိထားတာပါ။  လာမယ့်ဇွန်လလယ်မှာ ပရိသတ်မပါဘဲ  ပြန်လည်ကျင်းပမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အိမ်အပြင်ထွက်ကြည့်တာကို ကန့်သတ်နိုင်ဖို့အတွက် ပွဲစဉ်တချို့ကို အခမဲ့ ကြည့်ရူနိုင်ဖို့ ဗြိတိန် အစိုးရက စီစဉ်နေတာဖြစ်ပါတယ်။ ဒီလို အခမဲ့ပြသဖို့ ပြသခွင့်ဝယ်ယူထားတဲ့ ရုပ်သံတွေနဲ့ ညှိနိူင်းနေပြီး နှစ်ဦးနှစ်ဘက်စလုံး အတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဗြိတိန်ယဉ်ကျေးမှုနဲ့အားကစားဝန်ကြီးဌာန အတွင်းရေးမှူး က ပြောပါတယ်။ ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေအတွက်လည်း လုံခြုံစိတ်ချရမူရှိစေဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။  ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၃၅၀၀၀  ကျော်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တစ်နေ့တည်းမှာပဲ ၃၆၃ ဦး ပိုးတွေ့ရှိခဲ့ပါတယ်။ 
11 months Ago
Up