နိုင်ငံသားအားလုံး အကျုံးဝင်တဲ့ အခမဲ့ ကျန်းမာရေးစနစ်နဲ့ ပိုမိုကောင်းမွန်တဲ့ ပညာသင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်လို့ ဆီနီဂေါ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးပွဲအတွင်း သမ္မတ မာချီဆာက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီမဲဆွယ်စည်းရုံးပွဲမှာ ဂရမ်ဆီဆုရှင် ဆီနီဂေါ အဆိုတော် ယူဆူဒွန်က သမ္မတ မာချီဆာအတွက် ဂုဏ်ပြုတေး သီဆိုပေးခဲ့ပါတယ်။
လာမယ့် ၂၀၃၅ မှာ ဆီနီဂေါနိုင်ငံကို ထွန်းသစ်စ စီးပွားရေး အားကောင်းတဲ့ နိုင်ငံတခု ဖြစ်လာရေးအတွက် မာချီဆာဟာ သမ္မတ တာဝန်ထမ်းဆောင်ချိန်အတွင်း ကြီးမားလှတဲ့ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် စတင်ခဲ့ပါတယ်။
အဲဒီအစီအစဉ်မှာ ရထားလမ်း စီမံကိန်း၊ လျှပ်စစ်ဓာတ်အားပေးရေးနဲ့ ဒါကာ မြို့ပြင်မှာ မြို့သစ်တည်ရေး အပါအ၀င် ထုထည်ကြီးလှတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ပရောက်ဂျက်တွ ပါဝင်ပါတယ်။
ဒါပေမယ့် မာချီဆာရဲ့ အဓိက အတိုက်အခံ ကယ်လီဖာဆာနဲ့ ကာရင်မ်ဝိတ်တို့ကို ရွေးကောက်ပွဲ ၀င်ရောက်ခွင့် တားမြစ်တဲ့အပေါ်မှာ မဲဆန္ဒရှင်တွေက လက်မခံ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရ ဆန့်ကျင်ဆန္ဒပြမှု တွေအပေါ် အင်အားသုံး နှိမ်နှင်းမှုကလည်း မာချီဆာဟာ အာဏာရှင်ဆန်ဆန် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပေါ်ထွက်စေပါတယ်။
ဆီနီဂေါ သမ္မတ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကျင်းပမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago