အခက်အခဲကြုံနေသည့် မြန်မာ ၁၇၉ ဦး

August 30, 2020

အိန္ဒိယတွင် အခက်အခဲကြုံနေသည့် မြန်မာ အယောက် ၉၀ ကို ပြန်ခေါ်

အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ ကို မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခေါ်ခဲ့တာဖြစ်ပြီး မနေ့ည ၆ နာရီကျော်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြန်ရောက်လာသူတွေ ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ ၅ ကြိမ်ရှိပြီလို့ သိရပါတယ်။
10 months Ago

August 2, 2020

ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၂ ဦးကို ပြန်ခေါ်၊ စုစုပေါင်း ၅၄၆ ဦးရှိပြီ

ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၂ ဦးကို ကယ်ဆယ်ရေးလေယဉ်နဲ့ မနေ့ညနေပိုင်းက ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံ ရောက်ရှိနေပြီး မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၂ ဦးအား Narita အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  All Nippon Airways(ANA) ကယ်ဆယ်ရေးလေယာဉ်နဲ့ တတိယအကြိမ် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး မနေ့ ညနေ (၀၅:၀၀) နာရီ အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြန်ရောက်လာသူတွေကို ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ် ပြန်ခေါ်ခဲ့တာ စုစုပေါင်း ၅၄၆ ဦးရှိပြီလို့ သိရပါတယ်။ သြဂုတ် ၆ ရက်နေ့မှာလည်း စတုတ္ထကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
11 months Ago
More News
Up