အခက်တွေ့နေ

October 15, 2019

မြိုင်မြို့နယ်၌ မိုးသည်းထန် ချောင်းရေကြီးပြီး လမ်းပန်းဆက်သွယ်ရေး အခက်တွေ့နေ

အောက်တိုဘာ ၁၄ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ကျောက်ဆောက်ချောင်းရေကြီးပြီး ဒီနေ့မနက်မှာတော့  ကားစီးရေ ရာနဲ့ချီပြီး ချောင်းမကူးနိုင်ဘဲ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ အထက်ပိုင်း လယ်ရေသွင်း မြေသားရေကန်တွေကနေ ရေလွှဲထွက်နေတာကြောင့် ချောင်းရေဟာ မွန်းလွဲပိုင်းလောက်မှာ ပြန်ကျသွားနိုင်ပြီး ကားတွေ ဖြတ်သန်းသွားလာလို့ ရနိုင်လိမ့်မယ်လို့  ဒေသခံတွေက ပြောပါတယ်။
2 years Ago
Up