အခက်တွေ့

October 23, 2017

မတ်ပဲဈေးကျဆင်းမှုကြောင့် ပဲစိုက်တောင်သူများ အခက်တွေ့

အခုနှစ်ရာသီမှာ မတ်ပဲဈေးကွက်ပျက်သွားလို့ ဆောင်းသီးနှံအဖြစ်မတ်ပဲကို အားထား စိုက်ပျိုးနေရတဲ့ တောင်သူတွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ “ကျနော်တို့က ဆောင်းသီးနှံဆို မတ်ပဲကို အဓိကထား စိုက်လာကြတာလေ။ အခုနှစ်မှာမတ်ပဲက ဈေးအဆမတန် ကျသွားတယ်။ နောက်နှစ်အဲဒီလို ထပ်ဖြစ်ရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘာစိုက်ရမလဲဆိုတာ တွေးလာရတယ်။ နောက်ဘာသီးနှံစိုက်ရမယ်ဆိုတာလည်း မသိဘူး။ အဲဒီတော့ တောင်သူတွေအနေနဲ့ ပြောချင်တာကတော့ မတ်ပဲဈေးကွက်ကို အစိုးရအနေနဲ့ အိန္ဒိယတစ်နိုင်ငံထဲကို မီခိုမနေဘဲ စေဈးကွက်သစ်ရှာစေ့ချင်တယ်။ ပြီးတော့ အာမခံဈေးပေါ့။ ဘယ်လောက်အနိမ့်ဆုံးဝယ်မယ်ဆိုတာ သတ်မှတ်ပေးစေ့ချင်တယ်” လို့ မတ်ပဲစိုက်တောင်သူ ဦးမျိုးတင့်က ပြောပါတယ်။ ၂၀၁၆ မတ်ပဲရာသီမှာ သုံးတင်းဝင် အိတ်တလုံး ၁၁၅၀၀၀ ကျပ်ခန့်ဈေးရရှိခဲ့ရာမှ အခုနှစ်ရာသီမှာ သုံးတင်းဝင်အိတ်တလုံးကို ၄၆၀၀၀ သာရရှိခဲ့တယ်လို့ ပဲလုပ်ငန်းရှင်တဦးက ပြောပါတယ်။ “အဓိက အစိုးရကလုပ်ပေးရမှာကတော့ ပဲဈေးကွက်ကို အသစ်ရှာရမယ်/ အိန္ဒိယ တခုတည်းကိုပဲ မီခိုနေလို့မရဘူး။ အိန္ဒိကမဝယ်ဘူးဆိုတာနဲ့ ဈေးကွက်ကပျက်တယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ နောက်နှစ်လည်း ပဲဈေးကွက်ကအကျဘက်ကို များနေတယ်။ ကျနော်တို့ ကုန်သည်တွေဘက်က တွက်တာပေါ့နော်။ အဲဒီတော့ တော်တော် သတိထားလုပ်ရမယ်” လို့ ပဲကုန်သည်တဦးက ပြောပါတယ်။ ဖြူးမြို့နယ်အတွင်းမှာ ဆောင်သီးနှံအဖြစ် မတ်ပဲကိုသာ အစိုက်များကြပြီး တောင်ငူခရိုင် အနေနဲ့ ၂၀၁၆ ခုနှစ်မှာ မတ်ပဲစိုက်ဧက ၂ သိန်းကျော်ရှိခဲတယ်လို့ တောင်ငူခရိုင်စိုက်ပျိုးရေးဌာနက သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
4 years Ago

August 20, 2017

ဖြူးတွင် ချောင်းကမ်းပါပြိုကျမှုကြောင့် ကျေးရွာနေပြည်သူများ အခက်တွေ့

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် လှေဒုံးအုပ်စုရှိ မအူပင်းကျေးရွာမှာ ချောင်းကမ်းပါး ပြိုကျနေလို့ ကျေးရွာနေပြည်သူတွေ အခက်ခဲကြုံနေရပါတယ်။ မအူပင်ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးမြင့်အောင်က "ချောင်းက ကွင်းချောင်ပါ၊ ချောင်းကမ်းပါပြိုလာတာ ဒီနှစ်ပါဆို ၂  နှစ်ရှိပြီပေါ့။ အခုအိမ်တွေနဲ့လည်း ကပ်နေပြီ၊ လူသွားလမ်းကလည်း နှစ်ပေလောက်ပဲရှိတော့တယ်။ အဲတော့ ကျောင်းသားလေးတွေ/ရဟန်းသံဃာတွေ သွားတဲ့အခါ အခက်အခဲရှိသလို အန္တရာယ်လည်း သိပ်များနေပါပြီ။ အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားတာတော့ ရှိပါတယ်။ ဒါပေမယ့် အခုအထိ ဘာမှဖြစ်မလာသေးဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီချောင်းဟာ ရွာဘေးကပ်စီးဆင်းနေတာဖြစ်ပြီး ၂ နှစ်အတွင်း ရွာဘက်ကို  ပေ ၂၀ လောက် ပြိုကျလာပြီး လူနေအိမ်တွေနဲ့ ချောင်းကမ်းပါးဟာ ၇ ပေလောက်သာ ကွာဝေးတော့တဲ့အတွက် ကျေးရွာနေသူတွေ စိုးရိမ်နေကြတာပါ။ ဒါနဲ့ပတ်သက်လို့ လှဒုံးအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာမှာ “ကျနော်အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာက ရပ်မိရပ်ဖတွေနဲ့ အဖွဲ့အစည်းတွေကို ပြောထားတယ်လေ။ ကျနော့်ဘက်က အတားရိုက်ပေးမယ်၊ ပြည်သူတွေဘက်က ကမ်းပါပြိုနေတာကို လက်မှတ်ထိုးပြီး တင်ပြပေးပါလို့ ပြောထားပါတယ်" လို့ ပြောပါတယ်။ ကမ်းပါမပြိုရေးအတွက် ကျေးရွာနေပြည်သူတွေကသာ ကမ်းပါထိန်းတွေ ပြုလုပ်နေရတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ဦးဆောင်ပြီး လုပ်ပေးစေချင်တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။ အဆိုပါကျေးရွာမှာ အိမ်ထောင်စု ၅၀ လောက်၊ လူဦးရေ စုစုပေါင်း ၃၀၀ လောက် နေထိုင်တယ်လို့ သိရပါတယ်။ သတင်း ကျော်အောင် (ကညွတ်ကွင်း )
4 years Ago
Up