အကြံဉာဏ်များ

November 17, 2019

အကောင်းဆုံးဗျူဟာ၊ အကြံဉာဏ်များဖြင့် ရန်သူအား ချေမှုန်းရန် လေယာဉ်မှူးများကို ကင်ဂျုံအန်း ပြော

မြောက်ကိုရီးယားနိုင်ငံ ဝန်ဆန်ခါလ်မာလေဆိပ်မှာ လုပ်တဲ့ လေကြောင်းတိုက်ခိုက်ရေး ပြိုင်ပွဲကို ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် လေ့လာကြီးကြပ်နေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံသတင်းဌာန KRT က နိုဝင်ဘာ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။  ဘယ်လိုအခြေအနေမှာမဆို အကောင်းဆုံးနည်းဗျူဟာ၊ အကောင်းဆုံးအကြံဉာဏ်တွေနဲ့ ရန်သူကို ချေမှုန်းသင့်တယ်လို့ လေယာဉ်မှူးတွေကို ကင်ဂျုံအန်း ပြောခဲ့ပါတယ်။   ရှေ့လမှာ စီစဉ်ထားတဲ့အတိုင်း အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာ ၁၃ ရက်မှာ ခြိမ်းခြောက်ထားပါတယ်။  ဒီဇင်ဘာလမှာလုပ်မယ့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်လို့ အမေရိကန်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာချက်ထုတ်အပြီး မြောက်ကိုရီးယားက အခုလို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အရင်ကလည်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ထပ်ခါတလဲလဲ ဝေဖန်လေ့ရှိပါတယ်။ 
2 years Ago
Up