အကြီးဆုံး ကွန်ဗင်းရှင်းစင်တာ

A d v e r t i s e m e n t With Us

April 5, 2020

အမေရိကန် အကြီးဆုံး ကွန်ဗင်းရှင်းစင်တာကို ယာယီဆေးရုံအဖြစ် ပြောင်းလဲ

အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ကွန်ဗင်းရှင်းစင်တာကို ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ကုသတဲ့ ယာယီဆေးရုံအဖြစ် ချီကာဂိုမြို့မှာ ပြောင်းလဲနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လူနာတွေ တိုးလာရင် ဆေးရုံတွေ မနိုင်မနင်းဖြစ်လာမယ့် အခြေအနေကို သက်သာစေဖို့ ဒီလိုယာယီဆေးရုံကို ပြင်ဆင်နေတာပါ။ အီလီနွိုက်ပြည်နယ် အရာရှိတွေရဲ့ ပြောကြားချက်အရ ပြည်နယ်အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈,၉၀၄ ဦး ရှိပြီး  ၂၁၀ ဦး သေဆုံးခဲ့ပါတယ်။ ချီကာဂို မော်တော်ကားပြပွဲ ကျင်းပတဲ့ ခန်းမအတွင်းမှာ ဧပြီလ ၃ ရက်က ပထမဆုံး ခုတင်  ၅၀၀ ကို ဖွင့်လှစ်ခဲ့ပြီး အမေရိကန် စစ်အင်ဂျင်နီယာတပ် ဦးဆောင်တဲ့ ဆောက်လုပ်ရေးအဖွဲ့က  နောက်ထပ် ခုတင် ၂၅၀၀ ဆံ့ ဆက်လက်တည်ဆောက်နေပါတယ်။  McCormick Place ဆိုတဲ့ ကွန်ဗင်းရှင်းစင်တာကို အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံး ဆိုပြီး သတ်မှတ်ထားပါတယ်။ အဲဒီယာယီဆေးရုံသစ်မှာ အရေးပေါ်ခန်း ပါဝင်မှာမဟုတ်ဘဲ အထူးကြပ်မတ်ကုသဖို့ မလိုတဲ့ ရောဂါမပြင်းထန်တဲ့လူနာတွေကို လက်ရှိဆေးရုံတွေကနေ ရွှေ့ပြောင်းနေရာချသွားမယ်လို့ ဒေသမီဒီယာတွေက ဖော်ပြပါတယ်။
11 months Ago
Up