အကြီးဆုံးကုန်တိုက်

April 5, 2020

အီရန်ရှိ အကြီးဆုံးကုန်တိုက်တခုကို COVID-19 ကုသရေးဌာနအဖြစ် ပြောင်း

အီရန်နိုင်ငံရဲ့ အကြီးဆုံးကုန်တိုက်တန်းတွေထဲက တခုကို COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသရာဌာနအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ တီရန်မြို့တော် အနောက်ဘက်က အီရန်မောလ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်တန်းတွေထဲက တခုပါ။ အခုတော့ အသက်ရှူ အားကူစက်တွေ၊ ကျန်းမာရေး စောင့်ကြည့်တဲ့စနစ်တွေနဲ့ ရာချီတဲ့ ဆေးရုံ ခုတင်တွေ တပ်ဆင် ခင်းကျင်းထားတာ တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို တိုက်ဖျက်ဖို့ အမေရိကန်က အီရန်ကို ကူညီရေး အဆိုပြုချက်အား အီရန် ကျန်းမာရေးဒုဝန်ကြီးက ပယ်ချရင်း အဓိပ္ပာယ်မရှိတာလို့ ပြောပါတယ်။ အီရန်မှာ ဧပြီ ၄ ရက်အထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ၅၆၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၃၄၅၂ ယောက်ရှိတယ်။ အသည်းအသန် အခြေအနေ လူနာ ၄၁၀၀ ကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံး သက်ရောက်ခံရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။  
1 year Ago
Up