အကြမ်းဖက် စစ်တပ်နှင့်ရဲ

March 17, 2021

အကြမ်းဖက် စစ်တပ်နှင့်ရဲ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် ၂ ဦးသေဆုံး

DVB

ကလေးမြို့မှာ မတ်လ ၁၇ ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းကို လက်နက်ကိုင် အကြမ်းဖက် ရဲနဲ့ စစ်တပ်တို့ရဲ့  ဖြိုခွင်းခွင်းမှုကြောင့် ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီအတွက် နေ့လယ်ပိုင်းက အသက် ၂၅ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့သူ အပါအဝင် သေနတ်ထိမှန်သူ ၄ ဦးရှိခဲ့ပါတယ်။ 

အဲဒီထဲက စိုးရိမ်သူ နှစ်ဦးထဲက ဦးခေါင်းသေနတ်ထိမှန်ခံထားသူ အမျိုးသားကို ဆေးရုံပို့ဆောင်စဉ် ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ နှစ်ဦးထိ ရှိလာတာလည်း ဖြစ်ပါတယ်။

ဒုတိယသေဆုံးသူက ကလေးမြို့၊ ကမ္ဘောဇဘဏ် - ၂ အနီး ဘရဏီလမ်းကြားမှာ စစ်သား‌တွေ ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။ 

နောက်ထပ်လည်း စိုးရိမ်ဒဏ်ရာရရှိသူတစ်ဦး ကျန်ရှိနေပြီး ကလေးမြို့က စစ်အာဏာရှင်စနစ် တော်လှန်ရေးတိုက်ပွဲအတွင်း သေဆုံးသူ ၃ ဦးထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

9 months Ago
Up