အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု

March 30, 2021

ကေအိုင်အေနှင့် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု တိုက်ပွဲပြင်းထန်၊ လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်ပြည်နယ်အတွင်းက တနိုင်းလီဒိုလမ်းမကြီးပေါ် လဝါးနဲ့ ခွမ်ဘန်ရွာကြား ခွမ်ဆိုင်ယန်မှာ အကြမ်းဖက်စစ်အုပ်စု ခလရ-၈၆ စစ်ကြောင်းနဲ့  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၂၀ တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ကေအိုင်အေ အရာတစ်ဦးက ပြောပါတယ်။

ဒီမနက် ၁၀:၃၀ လောက်ကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ညနေ ၄:၅၀ ၀န်းကျင်လောက်မှာ အကြမ်းဖက်စစ်တပ်က KIA တပ်မဟာ (၉) ဌာနချုပ်အား လေကြောင်းနဲ့ ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူပြည်သားမျာအားလုံးရဲ့ ဆုတောင်းသံများကြောင့် ကေ‌အိုင်အေ တပ်ဖွဲ့အ‌နေနဲ့ တစုံတရာ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

1 month Ago
Up