အကြမ်းဖက်လျော့ချရေးကာလ

February 22, 2020

အာဖဂန်တွင် အကြမ်းဖက်လျော့ချရေးကာလ သတ်မှတ်

အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်လျော့ချရေး ၇ ရက် ကာလကို သမ္မတ အာရှက်ဖ်ဂါနီက ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြိုဆိုလိုက်ပြီး ဒါဟာ အပစ်အခတ်ရပ်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်လို့ အာဖဂန်သမ္မတက ပြောလိုက်ပါတယ်။ အကြမ်းဖက်လျှော့ချရေး ၇ ရက်ကာလကို အာဖဂန်၊ နိုင်ငံတကာနဲ့ တာလီဘန်တို့က စောင့်ကြည့်သွားမှာဖြစ်ပြီး သန်းခေါင်ယံအချိန်မှာ စတင်သွားမယ်လို့ အာဖဂန်တာဝန်ရှိသူတွေနဲ့ တာလီဘန် ခေါင်းဆောင်တွေက ပြောပါတယ်။  အာဖဂန်မှာ အကြမ်းဖက်လျှော့ချရေး သီတင်းတပတ် သဘောတူညီချက်ကို ဖေဖော်ဝါရီ ၂၉ ရက်မှာ အမေရိကန်နဲ့တာလီဘန်တို့ လက်မှတ်ရေးထိုးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နဲ့ တာလီဘန်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ  ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲနောက်ပိုင်း  ငြိမ်းချမ်းရေးရနိုင်တဲ့ အခွင့်အလမ်းဖြစ်ပြီး အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေး သမ္မတထရမ့်ရဲ့ မျှော်လင့်ချက်ကို တွန်းအားပေးတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
Up