အကြမ်းဖက်လက်ပါးစေ

April 21, 2021

ပုသိမ်တွင် လူငယ် ၂ ဦးကို အကြမ်းဖက်လက်ပါးစေများ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မင်းကြီးလမ်းနဲ့ အောင်ရတနာလမ်းထိပ်မှာ ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်းက လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီရဲ့လက်ပါးစေတွေက အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေတွေက အိမ်စီးကားနဲ့ရောက်ရှိ လာပြီး လူငယ် ၂ ဦးကို ဝိုင်းဆွဲကာ ကားပေါ်ကိုအတင်းတွန်းတင်ပြီး မောင်းထွန်းသွားတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဖမ်ဆီးခံရသူ နှစ်ယောက်ဟာ ရေကြောင်းတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုသန်းအောင်စိုးနဲ့ ကိုမြတ်သူရအောင်တို့ဖြစ်ပြီး ဘာကြောင့် လူစည်ကားရာ လမ်းမကြီးပေါ်မှာ အခုလို လူငဘ်နှစ်ကို ဖမ်းဆီးဆီးပြီး ဘယ်ခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ပုသိမ်မြို့မှာတော့ အကြမ်းဖက်ဖြိုခွင်းခံရတာတွေနဲ့ ရပ်ကွက်တွေထဲထိ စစ်တပ်က လာရောက်တပ်စွဲထားလို့ လူငယ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား သပိတ်ပြုလုပ်ကာ ဆန္ဒပြနေကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှူကြောင့် ဖမ်းဆီးခံရတဲ့သူ ၃၀ ကျော်ပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။

7 months Ago
Up