အကြမ်းဖက်ဖြိုခွင်းဖမ်းဆီး

March 6, 2021

မြစ်ကြီးနား ဆန္ဒပြသူများကို သေနတ်၊ မီးခိုးဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်း၊ ၃ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြသူတွေကို ဒီနေ့မနက် ၁၀ နာရီကျော်အချိန်က ရဲနဲ့တပ်က သေနတ် ၁၀ ချက်ခန့်နဲ့  မီးခိုးဗုံးတွေ ပစ်ခတ်ပြီး ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ဖြိုခွဲခံရတဲ့ အဲ့ဒီဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့၊ ဒူကထောင်စျေးအရှေ့ကနေ မနက် ၉ နာရီက လူဦးရေ ၁၀၀ လောက်နဲ့ လမ်းလျှောက်ဆန္ဒပြကြပြီး အောင်နန်းရပ်ကွက်အရောက်မှာ ရဲနဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူ အနည်းဆုံး ၃ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြော ပါတယ်။

2 years Ago

March 3, 2021

ရွှေဘိုမြို့က GZ သပိတ်စစ်ကြောင်း မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ လမ်းလေးခွမီးပွိုင့်အနီးမှာ မတ်လ ၃ ရက် မနက်ပိုင်းက စစ်အာဏာဆန့်ကျင်ဖို့ပြင်ဆင်နေတဲ့ GZ အဖွဲ့သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

2 years Ago

မြန်အောင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်က လိုက်လံ ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာ မတ်လ ၃ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြချီတက်နေတဲ့ သပိတ်စစ်ကြောင်းကို  ရဲကားတစ်စီးနဲ့ စစ်ကားနှစ်စီးက အနောက်ကနေ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရသူ အနည်းဆုံး ၇ ယောက်လောက်ရှိပြီး  လူငယ်တွေကျောင်းသားတွေ အများစု ပါဝင်ပါတယ်။

2 years Ago
More News
Up