အကြမ်းဖက်ဖြိုခါင်း

March 27, 2021

စစ်ကိုင်းသပိတ်စစ်ကြောင်းများ အကြမ်းဖက်ဖြိုခွင်းခံရ၊ ၁ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်  ၁၀ နာရီ‌ကျော်လောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် ၁ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဆန္ဒပြရာမှာပါဝင်သူတဦးက “ကျနော်တို့ ကန္နားတော်ရပ်နဲ့ ညောင်ကုန်းရပ်ထဲမှာ ဆန္ဒပြတဲ့ပြည်သူတွေ အများကြီးပဲ ပိတ်မိနေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။ ငါထပ်ကြီး ဘုရားထိပ်မှာ တော့စစ်တပ်နဲ့ရဲတပ်ဖွဲ့က လမ်းတွေပိတ်ပြီး သေနတ်တွေနဲ့ပစ်ခတ်နေတယ်။ ‌ချင်းစုနဲ့ ကျောက်ဝိုင်းထိပ်မှာလည်း ပိတ်ဆို့ပြီး ပစ်ခတ်နေတယ်။ ကျနော် တို့လည်း ခုထိပိတ်မိနေလို့ ဘယ်မှ သွားမရသေးဘူး” လို့ DVB ကို ပြောပါတယ်။

ဒီနေ့မနက်အ‌စောပိုင်းကစတင်ပြီး စစ်ကိုင်းမြို့နယ်အနှံ့မှာ ပြည်သူတွေက သပိတ်စစ်ကြောင်းတွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကလည်း ကျည်အစစ်တွေ သုံးပြီး အကြမ်းပစ်ခက်ဖြိုခွင်းနေတယ်လို့ ဆိုပါတယ်။

8 months Ago
Up