ဗြိတိန်ရွေးကောက်ပွဲရလဒ်ကို လန်ဒန်မြို့လယ်ကောင်မှာ ဒီဇင်ဘာလ ၁၃ ရက်က ချီတက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ရာချီတဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့တားမြစ်စည်းကို ကျော်ရာကနေ ဆန္ဒပြပွဲကနေ အကြမ်းဖက်ပွဲ ဖြစ်သွားခဲ့တာပါ။
“ကွန်ဆာဗေး တစ်အုပ်ချုပ်မှုကို ဆန့်ကျင်ကြ“၊ ”ဒုက္ခသည်တွေ ကြိုဆိုပါတယ်“ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ဝှေ့ရမ်းပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဒေါင်းနင်းလမ်း နေအိမ်ကနေ ထရာဖယ်ဂါ ရင်ပြင်ဆီ ချီတက်ကြပါတယ်။
ပြဇာတ်ရုံများရှိရာ ခရိုင်အရောက်မှာတော့ လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင် အများအပြား ရောက်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ဗြိတိန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီက မဲအများစုနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်မှာတော့ ဂျွန်ဆင်က ဘရဲဆစ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကွဲပြားနေတာတွေ ရပ်တန့်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
1 year Ago