အကြမ်းဖက်တိုက်ဖျက်ရေး

October 30, 2019

ဆိုးလ်မြို့ မြေအောက်ဘူတာတွင် အကြမ်းဖက်တိုက်ဖျက်ရေး ကြိုတင်လေ့ကျင့်

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်က မြေအောက်ဘူတာရုံတခုမှာ အောက်တိုဘာ ၂၉ ရက်က အကြမ်းဖက် တိုက်ဖျက်ရေး ကြိုတင်လေ့ကျင့်မှုတရပ် ဆောင်ရွက်ခဲ့ပါတယ်။ မြေအောက်ရထားထဲမှာ ဓာတ်ငွေ့တွေ ထွက်လာတာနဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေကို သရုပ်ပြ လေ့ကျင့်ခဲ့ကြတာပါ။  နှစ်ပတ်လည် လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုကို ရှင်ဒိုရင်မ်မြေအောက်ဘူတာရုံမှာ ပြုလုပ်ခဲ့ပြီး ဆိုးလ်မြေအောက်ဘူတာရုံဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ မီးသတ်ဌာနနဲ့ ဒေသန္တရ အစိုးရဌာနက ဝန်ထမ်းအယောက် ၄၇၀နဲ့ အရပ်သား အယောက် ၆၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။  ဓာတ်ငွေ့တွေ ထွက်လာတဲ့ ရထားထဲကနေ လူတွေ ထွက်ပြေးလာကြတာ၊ ရဲဝန်ထမ်းတွေက အကြမ်းဖက်သမားကို လိုက်ဖမ်းတာနဲ့ စစ်ဘက်အရာရှိတွေက ဖောက်ခွဲရေးပစ္စည်းတွေကို လိုက်လံရှာဖွေတာ စတဲ့ ပြကွက်တွေကို သရုပ်ပြခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ လုံခြုံရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပသွားမယ်လို့ တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။
2 years Ago
Up