အကြမ်းဖက်ဆန္ဒပြပွဲများ

October 13, 2019

အီကွေဒေါတွင် အကြမ်းဖက်ဆန္ဒပြပွဲများကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်

အီကွေဒေါနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲတွေ  လျော့မသွားတာကြောင့် အောက်တိုဘာ ၁၂ ရက်က မြို့တော် ကွီတိုမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်ကစတဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေ မှာ ၅ ယောက် သေဆုံးပြီး လူ ၁၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။  ဒါ့အပြင် လူ ၁၁၀၀ ကျော် အဖမ်းခံရတယ်လို့ သတင်းတွေက  ဆိုပါတယ်။ သမ္မတ မိုရန်နိုဟာ အကြမ်းဖက်မှုကို ရှောင်ရှားတဲ့အနေနဲ့  ဒီသီတင်းပတ်အစောပိုင်းက အစိုးရရုံးချုပ်ကို မြို့တော် ကွီတိုကနေ ဂွါယာကီကမ်းရိုးတန်းမြို့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။    သမ္မတ လီနင်မိုရန်နိုရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်နဲ့ပတ်သက်လို့ မြို့တော်ကွီတိုမှာ   ၁၀ ရက်မြောက် အကြမ်းဖက်တာတွေ ဖြစ်ခဲ့ပါတယ်။   သမ္မတ မိုရန်နိုက အကြမ်းဖက်မှုတွေအတွက် ဆန္ဒပြပွဲအတွင်း ပါဝင်လာတဲ့ အစွန်းရောက်သမားတွေကို အပြစ်တင်လိုက်ပြီး ညနေ ၃ နာရီကစလို့ ညမထွက်ရအမိန့်ကို ထုန်ပြန်လိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
2 years Ago
Up