အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု

April 1, 2021

မန္တလေးတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ စိန်ပန်းလမ်းဘက်မှာ ဧပြီလ ၁ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်လောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာကြောင့်  ပြည်သူ ၂ ဦးကျဆုံးပြီး   ၈ ဦး ဒဏ်ရာရခဲ့ကြပါတယ်။

ပြည်သူတွေ လုပ်ထားတဲ့ အတားအဆီးတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ က လာရောက်ဖယ်ရှားခဲ့တာဖြစ်ပြီး အဲ့ဒီလို ဖယ်ရှားတဲ့အခါမှာ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ကာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ တစ်ဦးဟာ ၄၁ လမ်းပေါ်မှာ ဦးခေါင်း ကျည်မှန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သယ်သွားတာလို့ ပတ်ဝန်းကျင်ရှိ ဒေသခံတွေက ပြောပါတယ်။

နောက်တစ်ဦးမှာ အသက် ၁၈ နှစ်အရွယ် ကိုဇော်ကိုလတ် ဖြစ်ပြီး ၃၈ လမ်း နဲ့ ကမ်းနားလမ်းအနီးမှာ ဗိုက်ကို ကျည်မှန်သေဆုံးခဲ့ပါတယ်။ သေဆုံးသူကို ဧပြီလ ၂ ရက်နေ့ နေ့ခင်း ၁၁ နာရီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ပြီး အတားအဆီးတွေကို မြို့အနှံ့မှာ လုပ်ထားပါတယ်။

1 month Ago

မန္တလေးတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ စိန်ပန်းလမ်းဘက်မှာ ဧပြီ ၁ ရက် ညနေ  ၃ နာရီခွဲလောက်က  အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်လို့ ပြည်သူ   ၅ ဦး ထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

ပြည်သူတွေ လုပ်ထားတဲ့ အတားအဆီးတွေကို အကြမ်းဖက်လက်နက်ကိုင်တပ်တွေက  လာရောက်ဖယ်ရှားတဲ့အခါမှာ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့  ဘေးအန္တရာယ်က  ကာကွယ်ဖို့   အတားအဆီးတွေကို မြို့အနှံ့မှာ လုပ်ထားတာဖြစ်ပါတယ်။

1 month Ago
Up