အကြမ်းဖက်စစ်တပ်နှင့်ရဲ

November 7, 2021

လှိုင်းဘွဲတွင် ပညာရေးတက္ကသိုလ် ကျောင်းသူတစ်ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းစံပြကျေးရွာမှာ PDF ကို ကူညီပေးနေသူဟု စွပ်စွဲပြီး ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က ရွှေဂွန်းကျေးရွာမှာ နေထိုင်တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မထူးစံအောင်ကို အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒလ​န်သတင်းပေးတွေ ကြောင့် ဘားအံရဲနဲ့ ရွှေဂွန်းရဲတွေက  နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးခံရသူနဲ့ ဆွေမျိုးနီးစပ်သူ တစ်ဦးက “PDF တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့နောက်လိုက် ဒလန်တွေက သတင်းပေးလို့ အဖမ်းခံရတာ။ မထူးစံအောင်က ရွာမှာ အေးဆေးပဲနေတာ။ အုပ်ချုပ်ရေးမှူးဆိုတဲ့ကောင်က အသားထဲက လောက်ထွက်ကောင်ပဲ” လို့ ဆိုပါတယ်။

မထူးစံအောင်နဲ့အတူ သူမ ကိုင်ဆောင်တဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကိုပါ သိမ်းဆည်းသွားခဲ့သလို လက်ရှိအချိန်အထိ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရှိတဲ့အပြင် ဆက်သွယ်လို့ မရသေးတဲ့အပေါ်  စိုးရိမ်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်) PPDF တာဝန်ရှိသူတစ်ဦးက “တိုင်ချက်ကို အကြောင်းပြပြီးတော့ လာဖမ်းရပါတယ်ဆိုတဲ့ တိုင်တိုင်းဖမ်းရင် ဒါဟာ ဥပဒေနဲ့ လုံးဝမညီဘူး။ အာဏာသိမ်းပြီးကတည်းက သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ဘာတစ်ခုမှ ဥပဒေနဲ့မညီဘူး ဆိုတာကို ပြောချင်တယ်။ ဥပဒေမဲ့ ဖမ်းဆီးခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

အဆိုပါကျေးရွာမှာ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိ စာတမ်းတွေကို လိုက်လံကပ်တယ်ဆိုတဲ့ စွပ်စွဲချက်အပါအဝင် လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒလန် သတင်းပေးမှုကြောင့် လူငယ် ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

1 year Ago

June 2, 2021

ရေစကြို၊ မအူအလယ်ကျေးရွာ သပိတ်ခေါင်းဆောင်နေအိမ်ကို အကြမ်းဖက်စစ်တပ်က ဝင်မွှေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူအလယ်ရွာက သပိတ်ခေါင်းဆောင် ဦးဝေယံနိုင်ရဲ့ နေအိမ်ကို ဇွန်လ ၁ ရက်နေ့ ညက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ  ဝင်ရောက်မွှေနှောက်ရှာဖွေသွား တယ်လို့ သိရပါတယ်။

မအူအလယ်ရွာကို ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ စစ်တပ်က  ကား ၃ စီးနဲ့ ရောက်လာကာ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ခေါင်းဆောင် ဦးဝေယံနိုင်ရဲ့ နေအိမ်က ပစ္စည်းတွေကို မွှေနှောက်ရှာဖွေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုလည်း ဆုတ်ဖြဲသွားတယ်လို့ ဦးဝေယံနိုင်က ဒီဗွီဘီကို ပြောပါတယ်။

2 years Ago
More News
Up