အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့

October 3, 2021

ပုသိမ်မြို့ကို ဝင်ထွက်သွားလာသည့် ရေယာဉ်များကို စစ်တပ်နှင့်ရဲက ပိုက်စိပ်တိုက်ရှာဖွေနေ

ဧရာဝတီတိုင်းမြို့တော် ပုသိမ်ကို ဝင်ထွက်သွားလာ​​နေတဲ့ ခရီးသည်တင်​ရေယာဥ်တွေနဲ့ ကုန်တင်​ရေယာဥ်တွေကို  ​အောက်တိုဘာ  ၃ ရက်​နေ့က  စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက လုံခြုံရေးတင်းကျပ် ရှာဖွေစစ်​ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့ကို ​ရေလမ်း​ကြောင်းနဲ့ ငပု​တော​အောက်ဘက် ကျေးရွာတွေနဲ့  ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပြေးဆွဲ​နေတဲ့ ရေယာဥ်လိုင်းတွေကို ရှာဖွေ စစ်ဆေးနေတာဖြစ်ပါတယ်။

"သူတို့က ပြည်သူကို စိတ်​ညစ်​အောင်လုပ်​နေတာ​လေ၊ ညဘက်ဆို စစ်တာ​တွေ​ကော မြို့ထွက်စစ်တာ​တွေ​ကောလုပ်တယ် "လို့ ပုသိမ်မြို့ခံတစ်ဦးက​ ပြောပါတယ်။

ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်းက ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတားဆိပ်ကမ်းတို့မှာပါ လက်နက်ကိုင်တပ်တွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

ငဝန်မြစ်ကြောင်းတလျှောက် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲတွေ နေ့/ညမပြတ် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုတွေ အချိန်ပြည့်လုပ်ဆောင်နေတယ်လို့လည်း  ပုသိမ်မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

2 months Ago

May 19, 2021

ပုသိမ်မြို့တွင် စားသောက်ဆိုင်ထိုင်နေသည့် အမျိုးသား ၃ ဦးကို အကြမ်းဖက်စစ်တပ်နှင့်ရဲ ဝင်ဖမ်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၁၉ ရက် နေ့လယ်ပိုင်းက စားသောက်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသား ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက  ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

နေ့လယ် ၁၂ နာရီ ကျော်လောက်က လယ်တောအိမ် စားသောက်ဆိုင်ကို  လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူ ၃၀ လောက်ရောက်လာပြီး အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့  မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ  ပုသိမ်ကွာရန်တင်းစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုသူနေအောင်လည်း ပါဝင်ပြီး နောက် ၂ ဦးကိုတော့ သေချာမမြင်လိုက်ရဘူးလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၆၀ ကျော်ထိရှိလာပြီ ဖြစ်ပါတယ်။

6 months Ago
More News
Up