အကြမ်းဖက်စစ်တပ်

April 16, 2021

ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ်အနီး လက်ရှည်ကျေးရွာ လုံခြုံရေးဆောင်ရွက်နေတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ဧပြီ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်အင်အားအများအပြားနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒေသခံတွေပြုလုပ်ထားတဲ့ ခံတပ်သပိတ်တွေကို အကြမ်းဖက်စစ်တပ်က ကား ၁၄ စီးနဲ့ လာပစ်တော့ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပြန်ခုခံပစ်တယ် အကျဆုံးအများအပြားရှိတယ်။ အခု ကျနော်တို့ စာရင်းရတာ ၆ ယောက်လောက်ပဲ သိရတယ်၊ ပျောက်ဆုံးနေတဲ့ ရွာသားတွေများတယ်၊ မနေ့က ညနေ ၄ နာရီက ပစ်ခတ်တာ ညပိုင်း ၈ နာရီထိ ပစ်ခတ်တာ” လို့  ဒေသခံတဦးက ပြောပါတယ်။

1 day Ago

April 12, 2021

မူတြော်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုမှ လွတ်မြောက်ရန် ထွက်ပြေးနေသူများ

မူတြော်ခရိုင်အတွင်းရှိ အသက် ၉၀ ကျော် လူကြီးတွေ၊ ကလေးသူငယ်တွေဟာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုမှလွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်နေရကြစဉ်။

Photo - MPA

5 days Ago
More News
Up