အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့

May 15, 2021

ရန်ကုန်သပိတ်စစ်ကြောင်းက လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

လုံခြုံရေးတင်းကျပ်မှုတွေကြားထဲက ရန်ကင်းမြို့နယ်မှာ ဒီနေ့လုပ်တဲ့ ရန်ကုန်သပိတ်စစ်ကြောင်းက လူငယ် ၅ ဦးထက်မနည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတယ်လို့ စစ်ကြောင်းမှာ ပါဝင်သူတချို့က ပြောပါတယ်။

သပိတ်စစ်ကြောင်းဟာ ရန်ကင်းမြို့နယ်ထဲမှာ  မေ  ၁၅ ရက် မနက် ၉ နာရီက ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သပိတ်ပြီးလို့ လူစုခွဲချိန် ကံဘဲ့လမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအပြင် အရပ်ဝတ်လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

အလားတူ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ တခြားနေရာ ၂ ခုမှာ တကသ ကျောင်းသားတွေဟာ လည်း ပြောက်ကျားသပိတ်တွေ လုပ်သွားခဲ့ပါတယ်။

2 days Ago

May 9, 2021

ပူတာအိုတွင် ဆိုင်ကယ်သစ် ၇ စီးကို အကြမ်းဖက်စစ်ကောင်စီ သိမ်းဆည်း

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေ ၈ ရက်ညက ဆိုင်ကယ်အရောင်းဆိုင်တွေဆီကနေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်တွေကို လိုက်လံ သိမ်းဆည်းသွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

မေ ၈ ရက် ညပိုင်းမှာ ပူတာအိုမြို့အတွင်းက ဆိုင်ကယ်အရောင်းဆိုင် ၃ ဆိုင်က ဆိုင်ကယ် စုစုပေါင်း ၇ စီးကို သိမ်းဆည်းသွားတာပါ။

"ဆိုင်ကယ်အရောင်းလိုင်စင် မရှိလို့ဆိုပြီး အကြမ်းဖက်တပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေက ဆိုင်ကယ်လိုက်သိမ်း‌နေပြီး ဆိုင်ကယ်အသစ်စုစုပေါင်း ၇ စီး ပါသွားတယ်" လို့ ပူတာအိုဒေသခံက ပြောပါတယ်။

ပူတာအိုမြို့ဟာ အဖြူရောင်နယ်မြေလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းဆည်းဖြစ်တယ်လို့ သိရပါတယ်။

1 week Ago
More News
Up