အီသီယိုပီးယားနိုင်ငံထဲက အကြမ်းဖက်မှုတွေကေနေ ဆူဒန်နိုင်ငံဆီ ထွက်ပြေးလာသူ ဒုက္ခသည်ဦးရေဟာ အချိန် ၆ လအတွင်း အယောက် ၂ သိန်းလောက် ရှိလာနိုင်ပြီး သူတို့အတွက် ကုလသမဂ္ဂအေဂျင်စီတွေက စီစဉ်နေတယ်လို့ ကုလက နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
ဒီဝန်ထုပ်ဝန်ပိုးဟာ အိမ်နီးချင်း ဆူဒန်နိုင်ငံကို ပြိုကွဲစေမှာကိုလည်း စိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။
အီသီယိုပီးယား အစိုးရတပ်တွေက နိုင်ငံမြောက်ပိုင်း တီဂရေးပြည်နယ်ထဲမှာ ဒေသန္တရ အာဏာပိုင်တွေကို သီတင်းပတ် ၂ ပတ်ကြာ ထိုးစစ်ဆင်နေလို့ ရာထောင်ချီတဲ့ လူတွေ သေဆုံးခဲ့ ပြီးပါပြီ။
ဒေသန္တရအာဏာပိုင်တွေက ပြည်ထောင်စုအစိုးရရဲ့တပ်တွေကို ရုတ်တရက် စတိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲ ပြောဆို ထားပါတယ်။
ဒါကြောင့် ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ လူတွေ ကြပ်ညပ်နေတဲ့ လှေတွေနဲ့ မြစ်ကို ဖြတ်ကူးပြီး အိမ်နီးချင်း ဆူဒန်နိုင်ငံဆီ ထွက်ပြေးခဲ့ကြပါတယ်။
ဒါကြောင့် တုန့်ပြန်ရေးအနေနဲ့ လူ ၂သောင်းစာ စီစဉ်ထားခဲ့ပေမဲ့ ခုတော့ စစ်ပြေးဒုက္ခသည် အယောက် ၃၁၀၀၀ လောက် ရှိနေပြီ စီမံကိန်းအသစ်အတွက် ကိန်းဂဏန်းက လူ ၂ သိန်းစာလောက် ဖြစ်မယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အက်ဇဲ ဘစ်စကုပ်က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လိုအပ်နေတဲ့ ရင်းမြစ်တွေကို အမြန်အရေးယူ ဆောင်ရွက်တာ မလုပ်ပါက အီသီယိုပီးယား သာမက ဆူဒန်နိုင်ငံပါ ပြိုကွဲသွားနိုင်တာကို အလေးအနက် စိုးရိမ်တယ်လို့ ကုလကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ ဆူဒန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ပြောပါတယ်။
စစ်ပြေးဒုက္ခသည် လူအုပ်ထဲမှာ တဝက်နီးပါးက ကလေးတွေဖြစ်လို့ ရောဂါကူးစက်မှာကို လည်း စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။
စခန်းသစ်တွေ ဆောက်ဖို့ နဲ့ စားနပ်ရိက္ခာဝေငှဖို့ အမေရိကန် ဒေါ်လာ သန်း ၅၀ ရဖို့ ကုလသမဂ္ဂက ကြိုးစားနေပြီး ပိုကြီးတဲ့စီမံကိန်းအတွက်တော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ လိုမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago