အကြည်တော်၏ သူခိုးဝတ္ထု

June 29, 2020

အကြည်တော်၏ သူခိုးဝတ္ထုကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမည်

       နာမည်ကြီး ဟာသ စာရေးဆရာတယောက်ဖြစ်တဲ့ အကြည်တော်ရဲ့ လုံးချင်းဝတ္ထုသစ် “သူခိုး”ကို ဒါရိုက်တာ ကိုပေါက်က ရုပ်ရှင်အနေနဲ့ ရိုက်ကူးသွားဖို့ရှိနေတယ်။        ဒီဝတ္ထုကိုတော့ အကြည်တော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ် မှတဆင့် ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းက အပိုင်းလိုက် မျှဝေပေးခဲ့ တာ ဖြစ်ပါတယ်။        အကြည်တော်ရဲ့ ဝတ္ထုတွေ အတော်များများဟာ ရုပ်ရှင်အနေနဲ့ ရိုက်ကူးအောင်မြင် ခဲ့ပြီး ဟာသ သရုပ်ဆောင်ဗေလုဝ အထူးသရုပ်ဆောင်ထားပြီး အောင်မြင်မှုရရှိခဲ့တဲ့ ဘီ လူးရုပ်ရှင်ကားကလည်း သူ့ရဲ့ ဝတ္ထုတပုဒ် ဖြစ်ပါတယ်။ နောက်ပြီး ဆွေတစ်ရာမောင်တစ်ကျိတ်၊ ဇော်ကကနေသည်၊ ပြုံးရွှင်ရေ ပျော်ရဲ့ လား၊ ရွှေမိုးသည်း၊ လူလည်ကြီးများရွာ၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်စတဲ့ ရုပ်ရှင် ကားတွေဟာလည်း အကြည်တော်ရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော် လိုက်တဲ့ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။     ခုတခါမှာတော့ သူ့ရဲ့ အသစ်ထွက် သူခိုးဝတ္ထုကို 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဝယ်ယူလိုက်ပြီဖြစ်ပြီး ဒါရိုက်တာ ကိုပေါက်ရဲ့ ရိုက်ကူးမှု တွေနဲ့ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။        ဒီဝတ္ထုထဲက သူခိုးငပိန်၊ ပါကညောစတဲ့ ဇာတ်ကောင်တွေနေရာမှာ ဘယ်သူတွေ ဖြစ်လာမလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။        လတ်တလောမှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို လုပ်ဆောင်နိုင်ဦးမှာ မဟုတ်ပဲ ကိုပေါက်က ဒီကားအတွက် ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် မျှဝေထားပါတယ်။
11 months Ago
Up