ပရီးမီးယားလိဂ်ပွဲစဉ်တချို့ကို အခမဲ့ ပြသမယ့်အစီအစဉ်က နှစ်ဘက်စလုံးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဗြိတိန်ယဉ်ကျေးမှုနဲ့ အားကစားဝန်ကြီးဌာန အတွင်းရေးမှူး အိုလီဗာဒေါ်ဒင်က ပြောပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်တွေကို Sky Sports နဲ့ BT Sports တို့က တိုက်ရိုက်ပြသခွင့် ရရှိထား ပြီး BBC က ဟိုက်လိုက် ပြန်လည်ပြသခွင့်ရရှိထားတာပါ။
လာမယ့်ဇွန်လလယ်မှာ ပရိသတ်မပါဘဲ ပြန်လည်ကျင်းပမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အိမ်အပြင်ထွက်ကြည့်တာကို ကန့်သတ်နိုင်ဖို့အတွက် ပွဲစဉ်တချို့ကို အခမဲ့ ကြည့်ရူနိုင်ဖို့ ဗြိတိန် အစိုးရက စီစဉ်နေတာဖြစ်ပါတယ်။
ဒီလို အခမဲ့ပြသဖို့ ပြသခွင့်ဝယ်ယူထားတဲ့ ရုပ်သံတွေနဲ့ ညှိနိူင်းနေပြီး နှစ်ဦးနှစ်ဘက်စလုံး အတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဗြိတိန်ယဉ်ကျေးမှုနဲ့အားကစားဝန်ကြီးဌာန အတွင်းရေးမှူး က ပြောပါတယ်။
ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေအတွက်လည်း လုံခြုံစိတ်ချရမူရှိစေဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၃၅၀၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တစ်နေ့တည်းမှာပဲ ၃၆၃ ဦး ပိုးတွေ့ရှိခဲ့ပါတယ်။
11 months Ago