တိုက်စစ်မှူးဖေမီနိုဟာ ဂိုးမသွင်းနိုင်တဲ့ပွဲတွေမှာတောင် အသင်းအတွက် အကျိုးပြုတယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပါတယ်။
နည်းပြကလော့ပ်ဟာ အက်တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖေမီနိုရဲ့နေရာမှာ ဒီယေဂိုဂျိုတာကို အသုံးပြုခဲ့ပြီး ဂျိုတာက ဟတ်ထရစ် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဖေမီနိုကို ပွဲထွက်ခွင့်ပေးမလား၊ ဂျိုတာကို ပွဲထွက်ခွင့်ပေးမလား စောင့်ကြည့်ရဖို့ရှိတာပါ။
နည်းပြ ယာဂန်ကလော့ပ်ကတော့ ကစားသမားသစ် ဒီယေဂိုဂျိုတာ ခြေစွမ်းပြနေတာကို ကျေနပ်ပေမယ့်လည်း ဖေမီနိုက ဂိုးမသွင်းနိုင်တဲ့ပွဲမှာလည်း အသင်းအတွက် အကျိုးပြုတယ်လို့ ချီးကျူးခဲ့တာပါ။
ဖေမီနိုဟာ ပွဲစဉ်အများစုမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲတွေရှိခဲ့တာတောင် အသင်းအတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ပြီး ဂိုးသွင်းယူပြီး အသင်းကို ကူညီနိုင်ခဲ့တာတွေလည်း ရှိတယ်လို့ ကလော့ပ်က ပြောပါတယ်။
2 years Ago