အကျိုးခံစားခွင့်ရမည်

A d v e r t i s e m e n t With Us

December 14, 2019

WFP ၏ရန်ပုံငွေ နိုင်ငံတဝန်းရှိ လူဦးရေ ၂ ဒသမ ၇၉ သန်းခန့် အကျိုးခံစားခွင့်ရမည်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ်အရ ရရှိတဲ့ရန်ပုံငွေဟာ နိုင်ငံတဝန်းက လူဦးရေ ၂ ဒသမ ၇၉ သန်း အကျိုးခံစားခွင့်ရမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးတာကိုတော့ ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းက နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာအစီအစဉ် ၂၀၁၈-၂၀၂၂ ကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ WFP တို့ ညှိနှိုင်းဆွေးနွေးရေးဆွဲထားတာ ဖြစ်ပါတယ်။ အစီအစဉ်အရ ရရှိတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၈၀ သန်းနဲ့ သဘာဝဘေးနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက ပြည်သူတွေ တနှစ်ပတ်လုံး စားနပ်ရိက္ခာ ဖူလုံဖို့နဲ့ အာဟာရပြည့်မီဖို့၊ တိုင်းနဲ့ ပြည်နယ်တွေက ထိခိုက်လွယ် ပြည်သူတွေအတွက် တနှစ်ပတ်လုံး စားနပ်ရိက္ခာ ဖူလုံဖို့၊ မြန်မာနိုင်ငံက အသက် ၅ နှစ်အောက် ကလေးတွေ အာဟာရပြည့်မီရေးဆိုင်ရာ လုပ်ငန်းစီမံချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်မှာဖြစ်လို့  နိုင်ငံတဝှမ်းက လူဦးရေ ၂ ဒသမ ၇၉ သန်းလောက် အကျိုးခံစားခွင့်တွေ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတော့  WFP နဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက အရာရှိတွေနဲ့ WFP က တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။ Photo : MOI
1 year Ago
Up