အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် တာလီဘန်အကျဉ်းသား အယောက် ၉၀၀ ကို လွှတ်ပေးမယ်လို့ အာဖဂန်နစ္စတန် အစိုးရက မေ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီလတုန်းက ဒိုဟာမြို့မှာ တာလီဘန်နဲ့ အမေရိကန်တို့အကြား သဘောတူခဲ့တဲ့ အကျဉ်းသား လဲလှယ်မှု အစီအစဉ်အရ အခုလို လွှတ်ပေးတာဖြစ်ပါတယ်။ ဒါဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ အားလုံးပါဝင်တဲ့ အာဖဂန်ကိုယ်စားလှယ်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကနဦး ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်ပွဲတော်အတွက် တာလီဘန်တို့က ၃ ရက်ကြာ အပစ်ရပ်ဖို့ ကြေညာခဲ့ပြီး အဲဒီကြေညာချက်ကို အာဖဂန်နဲ့ အမေရိကန် အစိုးရ နှစ်ရပ်စလုံးက ကြိုဆိုခဲ့ပါတယ်။
တာဘီဘန်တွေအနေနဲ့ အပစ်ရပ်ကာလ သက်တမ်းထပ်တိုးဖို့ ဆန္ဒရှိလားဆိုတာကိုတော့ မပြောသေးပါဘူး။ ဒိုဟာသဘောတူညီချက်အရ တာလီဘန်အကျဉ်းသား ၅၀၀၀ လွှတ်ပေးမှာ ဖြစ်ပြီး တာလီဘန်တို့ကလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
9 months Ago