အကျဉ်းသား ၅၀၀

August 1, 2020

တာလီဘန် အကျဉ်းသား ၅၀၀ ပြန်လွှတ်ပေးရန် အာဖဂန်သမ္မတ အမိန့်ထုတ်

အာဖဂန်နစ္စတန် သမ္မတအာရှရက်ဖ်ဂါနီဟာ မွတ်စလင်တို့ရဲ့ အထွတ်မြတ်ဆုံး ပွဲတော်ဖြစ်တဲ့ အိဒ်အယ်လ်အဒ်ဟာ ပွဲတော်ကို သမ္မတ နန်းတော်မှာ ဇူလိုင် ၃၁ ရက်က တက်ရောက်ခဲ့ပါတယ်။  တာလီဘန်တွေက ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာအပြီးမှာ သမ္မတက နိုင်ငံတွင်း လတ်တလော တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုံ့ချခဲ့ပြီး တာလီဘန် အကျဉ်းသား အယောက် ၅၀၀ ကို ပြန်လွှတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး မကြေညာခင် ဇူလိုင် ၃၀ က အာဖဂန် အရှေ့ပိုင်း ကားဗုံးခွဲမှုအတွင်း အာဖဂန် လုံခြုံရေး အရာရှိတွေ အပါအဝင် လူ ၁၈ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ သမ္မတ နန်းတော်ရဲ့ အပြင်ဘက်မှာ ကဘူးလ်ဒေသခံတွေက အိဒ်ပွဲတော်မှာ စွန့်လွှတ်မယ့် မွေးမြူရေး တိရစ္ဆာန်တွေ ရောင်းတဲ့ဈေးကို ဖန်တီးစုရုံးခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မျှော်လင့်နေပါတယ်။
1 year Ago
Up