မက္ကဆီကိုမြောက်ပိုင်း ဇာကာတက်ကတ်စ်ပြည်နယ်မှာ အကျဉ်းထောင်ဆူပူမှုအတွင်း အကျဉ်းသား ၁၆ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁ ရက်မှာ ပြောခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က စီယန်နာဂီလက်စ်မြို့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ခဲ့ပြီး ဒါဟာ သမ္မတ လိုပက်ဇ်-အော်ဘရေဒို အာဏာရပြီးနောက်ပိုင်း နိုင်ငံရဲ့ အကျဉ်းထောင်စနစ်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေထဲက တခုဖြစ်ပါတယ်။
ဘောလုံးပွဲ အငြင်းပွားရာကနေ ထောင်ဆူတာလို့ ဒေသမီဒီယာက ဖော်ပြပါတယ်။ ပြည်နယ်လုံခြုံရေးဝန်ကြိးဌာနက ထောင်ဆူရတဲ့ အကြောင်းရင်းကို မပြောကြားပေမယ့် အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထောင်ဆူမှုဖြစ်ပြးနောက်မှာ သေနတ်နဲ့ အကျဉ်းသားတယောက်ကို ဖမ်းဆီးရမိပြီး အကျဉ်းထောင်အတွင်း နောက်ထပ် သေနတ် ၃ လက်နဲ့ ဓားမျိုးစုံကို တွေ့ရှိခဲ့ပါတယ်။
မက္ကဆီကိုအကျဉ်းထောင်တွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားတာ ကာလကြာမြင့်နေပြီ ဖြစ်ပါတယ်။
၂၀၁၇ တုန်းကလည်း အယ်ကာပူကို အပန်းဖြေစခန်းက အကျဉ်းထောင်တခုမှာ ထောင်ဆူမှုဖြစ်ခဲ့ပြီး အကျဉ်းသား ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
1 year Ago