အကျဉ်းချုံး ကျင်းပ

January 1, 2021

ဆစ်ဒနီတွင် မီးရှူးမီးပန်းပစ်လွှတ်ပြီး  နှစ်သစ်ကူးပွဲကို အကျဉ်းချုံး ကျင်းပ

နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူးည မီးရှူးမီးပန်းပစ်လွှတ်မှုကို  ဒီနှစ်တော့ ဩစတြေးလျနိုင်ငံ  ဆစ်ဒနီမြို့မှာ  အကျဉ်းချုံးကျင်းပခဲ့ပါတယ်။  ဆစ်ဒနီကဇာတ်ရုံထက်  ရောင်စုံမီးပန်းတွေ ပစ်လွှတ်ခဲ့ပေမဲ့ ဆစ်ဒနီဆိပ်ကမ်းကတော့ လူသူကင်းမဲ့လို့ နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် မပျံ့စေဖို့ ဆစ်ဒနီမြို့ဝန်းကျင်မှာ ဆိုင်ထိုင်စားသောက်တာတွေနဲ့ ဟိုတယ် တည်းခိုဖို့ စာရင်းပေးတာတွေကို ကန့်သတ်ထားပါတယ်။  ဇန်နဝါရီ ၁ ရက်  နှစ်သစ်ကူး အကျဉ်းချုံး မီးရှူးမီးပန်း ပစ်ဖောက်မှုကို ဆစ်ဒနီ ဆိပ်ကမ်းက ဖောင်တွေ၊  အထင်ကရ ဆစ်ဒနီကဇာတ်ရုံနဲ့ ဆစ်ဒနီဆိပ်ကမ်းကနေ ပစ်လွှတ်ခဲ့တာပါ။  ဆစ်ဒနီဆိပ်ကမ်းတံတားဟာ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ အဓိကနေရာဖြစ်ပြီး  ပစ်လွှတ်ချိန်ကို ၇ မိနစ်အထိ လျှော့ချခဲ့ပေမဲ့  ဆစ်ဒနီဟာ အစဉ်အလာအတိုင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။ 
9 months Ago

December 25, 2020

ခရစ္စမတ်အကြိုဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်ပြီး အကျဉ်းချုံး ကျင်းပ

ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဦးဆောင်ပြီး အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။  ဝတ်ပြုဆုတောင်းပွဲကို စိန့်ပီတာဘုရားကျောင်း အနောက်ဆောင်မှာ ကျင်းပပြီး ဝတ်ပြုသူ အယောက် ၁၀၀ အောက်နဲ့ ဘုန်းတော်ကြီး အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။  ပုံမှန်အားဖြင့် ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းပွဲကို ဘုရားကျောင်း ပင်မဆောင်မှာ ကျင်းပလေ့ရှိပြီး နိုင်ငံပေါင်း ၂၀၀ နီးပါးကိုယ်စားပြုတဲ့  သံတမန်အဖွဲ့တွေ အပါအဝင် ဧည့် ပရိသတ် တစ်သောင်းအထိ တက်ရောက်တတ်ပါတယ်။  အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြိးနဲ့ ဓမ္မတေးဆိုအဖွဲ့ကလွဲပြီး အားလုံးက နှာခေါင်းစည်း တပ်ထားကြပါတယ်။ ဒါ့အပြင် ဝတ်ပြုပွဲ တက်ရောက်သူတွေ  ည ၁၀ နာရီ ကာဖျူးချိန် မတိုင်ခင် အိမ်ပြန်နိုင်စေဖို့ ဝတ်ပြုချိန်ကိုလည်း ခါတိုင်းအချိန်ထက် ၂ နာရီစောပြီး စတင်ခဲ့ပါတယ်။  ယေရှုကိုယ်တိုင်က  ဆင်းရသားအပယ်ခံအဖြစ် မွေးဖွားလာတာမို့  လိုအပ်သူတွေကို ကူညီကြဖို့ ဧည့်ပရိသတ်တွေကို  ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
9 months Ago
Up