အက်ႌအတုမ်ား

June 24, 2018

ကိုကင်းဖြင့် ရက်လုပ်ထားသည့် ကိုလံဘီယာဘောလုံးအသင်း အင်္ကျီအတုများ ဖမ်းမိ

ကိုကင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်တဲ့ ပစ္စည်းတမျိုးနဲ့ ရက်လုပ်ထားတဲ့ ကမ္ဘာ့ဖလား ကိုလံဘီယာဘောလုံး အသင်းအင်္ကျီအတု တစ်ဒါဇင်ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကိုလံဘီယာ အာဏာပိုင်တွေက  ဇွန် ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ စပိန်နိုင်ငံကို  ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ ကုန်စည်တွေနဲ့အတူ အဲဒီ ဘောလုံးအသင်း အင်္ကျီအတုတွေကို ဇွန် ၂၂ ရက်နေ့က မြို့တော် ဘိုကိုတာရဲ့  အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ ကိုလံဘီယာ ဘောလုံးအသင်း အင်္ကျီအတု ၁၄ ထည်မှာ ရက်လုပ်ထားတဲ့ ကိုကင်းအလေးချိန်ဟာ ၅ ကီလိုရှိတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။ ဥရောပမှာ ကိုကင်း လက်ရှိ ပေါက်ဈေးဟာ ၁ ဂရမ်ကို ယူရိုငွေ ၁ဝဝ ကျော်တဲ့အတွက် ကိုကင်းကုန်သည်တွေဟာ ကမ္ဘာ့ဖလားရောဂါထနေချိန်ကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်များတဲ့ မူးယစ်ကုန်ကူးလုပ်ငန်းကို လုပ်ကိုင်နေကြတာလို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
3 years Ago
Up