အကျဉ်းထောင်သံတိုင်နောက် ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံခဲ့သည့် မိုင်လေးဆိုင်းရပ်စ်

September 20, 2017

အကျဉ်းထောင်သံတိုင်နောက် ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံခဲ့သည့် မိုင်လေးဆိုင်းရပ်စ်

အကျဉ်းထောင်သံတိုင်တွေနောက်မှာ ကိုယ်လုံးတီးအနေအထားနဲ့ ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော် မိုင်လေးဆိုင်းရပ်စ်ရဲ့ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပေါ့ပ်စတားဟာ နာမည်ကြီးဓာတ်ပုံဆရာတဦးဖြစ်တဲ့ ဒေးဗစ်လာချက်ပဲလ်ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် Lost+Found အမည်ရတဲ့ စာအုပ်မှာ ဖော်ပြဖို့အတွက် ခုလိုအရိုက်ခံခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဓာတ်ပုံစာအုပ်ထဲမှာ မိုင်လေးကို ဝစ်လစ်စလစ် အခြေအနေနဲ့ ရောင်စုံလိပ်ပြာတကောင်လို ဆင်ယင်ပြီး ဟင်းလင်းပြင် [caption id="attachment_229778" align="alignright" width="376"]ဓာတ်ပုံ - သည်ဆန်း ဓာတ်ပုံ - သည်ဆန်း[/caption] ပတ်ဝန်းကျင်ပုံစံတွင်း ရိုက်ကူးထားတဲ့ပုံလည်း ပါဝင်နေတာပါ။ မိုင်လေးဟာ လက်ရှိမှာတော့ သူ့ရဲ့ ၆ ခုမြောက် ထွက်ရှိလာမယ့် Younger Now အယ်လ်ဘမ်ကို ပြင်ဆင်နေပြီး လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ မိုင်လေးဟာ ခုနောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ လက်ရှိ သူ့ရဲ့အချစ်ရေးကတော့ သြစတြေးလျ သရုပ်ဆောင်မင်းသား လီယမ်ဟမ်းစ်ဝါ့သ်နဲ့ စေ့စပ်ထားပြီး အမေရိကန်အခြေစိုက် သီချင်းဆိုပြိုင်ပွဲ The Voice မှာ နည်းပြအဖြစ် ပြန်လည်လှုပ်ရှားဖို့ ရှိနေတယ်လို့ သတင်းက ဆိုပါတယ်။
4 years Ago
Up