အကျဉ်းသားများဖြင့် ဖွဲ့ထားသည့် အင်ဒိုနီးရှားထောင်ထဲက စင်တင်တေးဂီတ (ရုပ်သံ)

November 2, 2016

အကျဉ်းသားများဖြင့် ဖွဲ့ထားသည့် အင်ဒိုနီးရှားထောင်ထဲက စင်တင်တေးဂီတ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ အကျဉ်းသား ၈ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဂီတအဖွဲ့ရဲ့ ပထမဆုံး စင်တင်ပွဲတခုကို အောက်တိုဘာ ၂၉ ရက်က ကာရိုဗိုကန်ထောင်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ တေးဂီတအဖွဲ့ရဲ့ နာမည်ကို အင်ဒိုနီးရှားဘာသာနဲ့ အန်ထြာဘတ်စ် (သံတိုင်တွေနောက်က ကလေးငယ်များ) လို့ ပေးထားပါတယ်။ ရော့ခ်တေးဂီတအဖွဲ့ဟာ လပိုင်းအတွင်းမှာ “ပြောင်းလဲရမယ့်အချိန်” လို့ နာမည်ပေးထားတဲ့ အယ်ဘမ်တခုကို ထုတ်ဖို့ ပြင်ဆင်ထားပါတယ်။ သီချင်းတွေက မူးယစ်ဆေးဝါးရဲ့ မကောင်းမှုတွေနဲ့ သံတိုင်နောက်က ဘဝတွေ အကြောင်းကို ခံစားရေးဖွဲ့ထားပါတယ်။ သူတို့အဖွဲ့ထဲမှာ အမျိုးသမီး အကျဉ်းသူ ၂ ဦးလည်း ပါဝင်ပြီး ထောင်သက် ၃ လကနေ ၄ နှစ်အထိ ရှိကြကာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်အတွက် ရန်ပုံငွေလည်း ရှာဖွေနေပါတယ်။ ဂီတာသမား အိုတက်ဗ် စီစီလီယားဟာ ဂီတအဖွဲ့ ထူထောင်သူတွေထဲက တယောက်ဖြစ်ပြီး သူဟာ ထောင် ၃ နှစ်ကျခံထားရကာ အခုအထိ ထောင်ထဲမှာ ၂ နှစ် ကျခံပြီး ဖြစ်ပါတယ်။ ဂီတအဖွဲ့ကို စုစည်းတဲ့ ဇူလိုင်လမှာ ခေါင်းဆောင်တယောက်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆေးမှုနဲ့ ထောင်ကျသူတွေကို လူ့အဖွဲ့အစည်းက အမှိုက်လို သဘောထားပေမယ့် တကယ်တော့ အမှိုက်ကနေ ပစ္စည်းအကောင်းစားလေးတွေကို ပြန်လည်ထုတ်ယူလို့ရတယ်လို့ ပြောပါတယ်။
6 years Ago
Up