အကျဉ်းသားများလွှတ်မည့်သတင်းကြောင့် မိသားစုဝင်များ အကျဉ်းထောင်များရှေ့ စောင့်ဆိုင်း

A d v e r t i s e m e n t With Us

April 8, 2016

အကျဉ်းသားများလွှတ်မည့်သတင်းကြောင့် မိသားစုဝင်များ အကျဉ်းထောင်များရှေ့ စောင့်ဆိုင်း (သတင်းဓာတ်ပုံ)

ဧပြီ ၈ ရက် ဒီနေ့မှာ သမ္မတရဲ့အမိန့်နဲ့ အကျဉ်းသား ၄၀၀၀ ကျော် လွတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လွတ်မယ့်အထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံနေရသူတွေလည်း ပါမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အကျဉ်းထောင်အသီးအသီးရှေ့မှာ လွတ်နိုင်ခြေရှိတဲ့သူတွေရဲ့ မိသားစု ဆွေမျိုးတွေက သွားရောက်စောင့်ဆိုင်းနေကြတာ ရှိနေပါတယ်။ ဧပြီ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်ရေး နည်းလမ်း ၃ ရပ်နဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အကျဉ်းသားတွေကို သမ္မတအမိန့်နဲ့ လွှတ်ပိုင်ခွင့်ရှိသလို အမှုရင်ဆိုင်နေဆဲသူတွေကိုလည်း ရှေ့နေချုပ်ရဲ့ မှတ်ချက်နဲ့ တရားရုံး သဘောတူချက်ယူပြီး  အမှုကို ရုပ်သိမ်းလို့ရပါတယ်။ ဓာတ်ပုံ - လေးလေးမွန်  
5 years Ago
Up