အက်ရှ်လေယန်း

A d v e r t i s e m e n t With Us

February 13, 2020

အင်တာမီလန်အသင်းတွင်  ပျော်ရွှင်ကြောင်း အက်ရှ်လေယန်းပြော

အင်တာမီလန်အသင်းမှာ အလျင်အမြန်‌ အခြေကျပြီး ခြေစွမ်းပြနေတဲ့ အက်ရှ်လေယန်းက အီတလီ‌မြေကို ပြောင်းရွှေ့ခဲ့တာဟာ ဘောလုံးကစားဖို့နဲ့ အနိုင်ရရှိဖို့ ဖြစ်ပြီး ကစားရတဲ့ မိနစ်တိုင်းမှာ ပျော်ရွှင်ရတယ်လို့ ပြောကြားလိုက်ပါတယ်။  ဆက်လက်ပြီး ယန်းက သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေ လိုချင်လို့ ယူနိုက်တက်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပြီး အမှန်တကယ်မှာလည်း စိန်ခေါ်မှုအသစ်တွေ ရရှိ‌နေပြီလို့ ဆိုပါတယ်။  အက်ရှ်လေယန်းဟာ ယူနိုက်တက်နဲ့ ၉ ရာသီကြာ လက်တွဲခဲ့ပြီးတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာတော့ အန်တိုနီကွန်တီ ဦးဆောင်တဲ့ အင်တာမီလန်အသင်းကို ပေါင် ၁ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
1 year Ago

January 11, 2020

ကစားသမားများ ရောင်းချရန် မရှိဟု ဆိုးလ်ရှားပြော

ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကြောင့် အသင်းခေါင်းဆောင် အက်ရှ်လေယန်းကို လက်လွှတ်ဖို့ ခက်ခဲပြီး ကစားသမားတွေ ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။  အက်ရှ်လေယန်းဟာ အီတလီကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း ရောင်းချဖို့ ပြင်ဆင်ထားပေမယ့် တခြား နောက်ခံလူတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အက်ရှ်လေယန်းကို ဆက်ထိန်းထားဖို့ ရှိနေတာ ဖြစ်ပါတယ်။ နော့ဝှစ်ချ်စီးတီးနဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ အက်ရှ်လေယန်းဟာ ပရောက်ဖက်ရှင်နယ် ပီသသူ ဖြစ်သလို အသင်းခေါင်းဆောင်ကောင်းတဦးလည်း ဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ချီးကျူးပါတယ်။  ဆက်လက်ပြီး ကြံ့ခိုင်မှုပြည့်ဝတဲ့ နောက်ခံလူတွေ သိပ်မရှိတာကြောင့် ရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့ မရှိကြောင်းလည်း ဆိုးလ်ရှားက ပြောကြားသွားခဲ့ပါတယ်။
1 year Ago
More News
Up