အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်

January 16, 2020

အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်တွင် မန်ယူက ဝူဗာဟန်တန်ကို အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်မှာ မန်ချက်စတာယူနိူက်တက်က ဝူဗာဟန်တန်ကို ၁ ဂိုးတည်းနဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။  ပထမအကျော့မှာတုန်းက ဂိုးမရှိ သရေကျတဲ့အတွက် ဒုတိယအကျော့ကို မန်ယူနိုက်တက် အိမ်ကွင်းမှာ ပြန်ကစားရတာပါ။ မန်ယူအတွက်တလုံးတည်း သော အနိုင်ဂိုးကို ၆၇ မိနစ်မှာ မာတာက သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူနိုက်တက်က လူငယ်ကစားသမား ဘရန်ဒန်ဝီလျံမ်စ် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။  ဒီပွဲနိုင်တဲ့ မန်ယူနိူက်တက်က အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ဝက်ဖို့ဒ် ဒါမှမဟုတ် လိဂ်ဝမ်းက ထရမ်မီယာနှစ်သင်းထဲက နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
1 year Ago
Up