အက်ဒ်ဝုဒ်

A d v e r t i s e m e n t With Us

November 13, 2020

နည်းပြဆိုးလ်ရှားနှင့်အတူ လမ်းကြောင်းမှန်ပေါ်ရောက်ရန် ယုံကြည်ဟု မန်ယူဒု-ဥက္ကဋ္ဌ ပြော

နည်းပြဆိုးလ်ရှားနဲ့အတူ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ယုံကြည်တဲ့ အကြောင်း မန်ယူအသင်း ဒု-ဥက္ကဋ္ဌ အက်ဒ်ဝုဒ်က သတင်းထုတ်ပြန်ပါတယ်။  အသင်းရဲ့ဘဏ္ဍာရေးနဲ့ ကိုဗစ်-၁၉ အကျပ်အတည်းကာလအပေါ်မှာ အက်ဒ်ဝုဒ်က အသင်းဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ခဲ့ရာမှာ နည်းပြဆိုးလ်ရှားနဲ့ ကွင်းတွင်းခြေစွမ်းပိုင်းကို လည်း ထည့်သွင်းပြောကြားသွားခဲ့တာပါ။  ကိုဗစ်-၁၉ က အားလုံးအပေါ်ရိုက်ခတ်မှုရှိခဲ့ပေမဲ့ မန်ယူနိုက်တက်အသင်းအနေနဲ့ ကွင်းပြင်ပ မှာရော ကွင်းတွင်းမှာပါ အပေါင်းလက္ခဏာ ဆောင်ခဲ့တယ်လို့ အက်ဝုဒ်ကဆိုပါတယ်။  ကွင်းတွင်းခြေစွမ်းနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာတော့  ပိုမိုခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူဖို့ ကြိုးပမ်းနေရဆဲဖြစ်ပေမဲ့ နည်းပြဆိုးလ်ရှားနဲ့ အသင်းသားတွေဟာ ခြေစွမ်းတိုးတက်လာဖို့  မှန်ကန်တဲ့ လမ်းကြောင်းနဲ့ သွားနေတယ်လို့ အက်ဝုဒ်က သုံးသပ်ပါတယ်။  မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးမှာ ၃ ပွဲသာ အနိုင်ရထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၄ မှာရပ်တည်နေတာဖြစ်ပါတယ်။ 
4 months Ago

April 26, 2020

အပြောင်းအရွှေ့ကာလ ပေါင်သန်းရာချီ မသုံးဟု မန်ယူအမှုဆောင်အရာရှိချုပ် ပြော

လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်းရာချီပြီး အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ မန်ယူနိုက်တက် အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်က ပြောလိုက်ပါတယ်။  မန်ယူအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုတို့ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေတာပါ။  ဟယ်ရီကိန်းကို ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၂၀၀ လောက် ပေးချေရနိုင်ပြီး ဆန်ချိုအတွက်လည်း ပေါင်သန်း ၁၀၀ လောက် ကုန်ကျနိုင်တာပါ။  ကစားသမားတဦးအတွက် ပေါင်သန်းရာချီပြီး အသုံးပြုနိုင်မှာမဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တခြားအသင်းတွေအနေနဲ့လည်း ကြီးမားတဲ့ငွေကြေးသုံးစွဲမှု ရှိမှာမဟုတ်ကြောင်း အက်ဒ်ဝုဒ်က ပြောပါတယ်။ လာမယ့် အပြောင်းအရွှေ့ဟာ ပုံမှန်နဲ့ မတူညီတဲ့ အပြောင်းအရွှေ့ ဖြစ်လာလိမ့်မယ်လို့လည်း မန်ယူအမှုဆောင် အရာရှိချုပ် အက်ဒ်ဝုဒ်က သုံးသပ်လိုက်တာပါ။
10 months Ago
Up