တရုတ်နိုင်ငံတော် သီချင်းကို မရိုမသေပြုရင် ရာဇဝတ်သင့်မယ့် ဥပဒေမူကြမ်းအတွက် မေ ၂၈ ရက် ဟောင်ကောင်ဥပဒေပြုကောင်စီ ဆွေးနွေးပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ် ၂ ယောက် အစည်းအဝေးထဲကနေ ဖယ်ရှားခံခဲ့ရပြီး ဥပဒေပြုကောင်စီကို နောက်ပိုင်းမှာ ရပ်နားခဲ့ရပါတယ်။
ခန့်အပ်ခံလွှတ်တော်အမတ် စတာရီလီကို သရော်တဲ့ ပိုစတာကို ထောင်ပြအပြီးမှာ ဒီမိုကရေစီ လိုလားတဲ့အမတ် အက်ဒီချူးကို အစည်းအဝေးခန်းထဲကနေ ခေါ်ထုတ်သွားခဲ့တာပါ။
တရုတ်ပြည်မကြီးအစိုးရက အမျိုးသားလုံခြုံရေးဥပဒေမူကြမ်းကို အဆိုပြုအပြီး ကမ္ဘာ့ ဘဏ္ဍာရေးအချက်အခြာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်အတွက် စိုးရိမ်စရာ ဖြစ်လာနေလို့ တင်းမာမှု တိုးလာနေပါတယ်။
8 months Ago