အက်တလန်တာ

October 21, 2021

စီရော်နယ်ဒိုကို ဝေဖန်ချင်ရင် အက်တလန်တာနှင့်ပွဲကို ကြည့်သင့်ဟု နည်းပြဆိုးလ်ရှား တုံ့ပြန်

စီရော်နယ်ဒိုကို ဝေဖန်ချင်တဲ့သူတွေအနေနဲ့ အက်တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုကြည့်ရူသင့် ကြောင်း နည်းပြဆိုးလ်ရှားကပြန် လည်တုံ့ပြန်လိုက်ပါတယ်။

စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ရလဒ်မကောင်းတဲ့ပွဲစဉ်တွေမှာ သူ့ရဲ့ လုပ်အားနူန်းနဲ့ ပတ်သက်ပြီး ဂယ်ရီနဗီးလ်အပါအဝင် ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြတာပါ။န

နည်းပြဆိုးလ်ရှားကတော့ ရော်နယ်ဒိုကို လုပ်အားနှုန်း မရှိဘူးလို့ ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး  အက်တလန်တာနဲ့ ပွဲစဉ်ကို ကြည့်ပြီးမှဝေဖန်သင့်တယ် လို့ ဆိုခဲ့တာပါ။

မန်ယူအသင်းဟာ အက်တလန်တာကို ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ မက်ဂွဲယားတို့က ချေပဂိုးတွေသွင်းခဲ့ပြီး စီရော်နယ်ဒိုက အနိုင်ဂိုးသွင်းပေးခဲ့လို့ ၃ဂိုး ၂ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ 

“သူ့ကို ဝေဖန်ချင်ရင် အက်တလန်တာနဲ့ပွဲကိုကြည့်လိုက်ရုံပါပဲ။ သူဘယ်လိုပြေးလွှားကစားခဲ့လဲ။ ဂိုးရှေ့မှာသူက ခမ်းနားကြီးကျယ်လွန်းပါတယ်” လို့ စီရော်နယ်ဒိုကို ဆိုးလ်ရှားကချီးကျူးခဲ့ တာဖြစ်ပါ တယ်။

ရော်နယ်ဒိုအနေနဲ့ အက်တလန်နဲ့ပွဲမှာ တိုက်စစ်မှူးတစ်ယောက်လုပ်သင့်လုပ်ထိုက်တဲ့အရာ တွေအားလုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်းဆိုးလ်ရှားကချီးကျူးခဲ့ပါတယ်။ 

3 months Ago
Up