အက်စ်ထရာဇနက်ကာ

A d v e r t i s e m e n t With Us

January 2, 2021

အက်စ်ထရာဇနက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် အိန္ဒိယ အတည်ပြု

အောက်စဖို့တက္ကသိုလ်နဲ့ အက်စ်ထရာဇန်နက်ကာကုမ္ပဏီတို့ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ်သုံးခွင့်ကို  အိန္ဒိယဆေးဝါးအုပ်ချုပ်ရေးအဖွဲ့က  ဇန်နဝါရီ ၁ ရက်မှာ အတည်ပြုလိုက်ပြီး ဇန်နဝါရီ ၆ ရက်မတိုင်မီ ကာကွယ်ဆေးစထိုးနှံလိုတယ်လို့  သတင်းရင်းမြစ် နှစ်ခုက ရိုက်တာကို ပြောပါတယ်။ ဒီဆုံးဖြတ်ချက်က ကမ္ဘာ့ဒုတိယလူဦးရေအများဆုံး အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး စတင်သုံးစွဲဖို့  လမ်းဖွင့်ပေးလိုက်တာပါ။ အိန္ဒိယ ဗဟိုဆေးဝါးစံချိန်စံညွှန်း ထိန်းချုပ်ရေးအဖွဲ့ (CDSCO) ကိုယ်စားလှယ်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။  ဗြိတိန်ကုမ္ပဏီ အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အများပြည်သူ သုံးစွဲခွင့်ပြုဖို့ ဗြိတိန်နဲ့ အာဂျင်တီးနားတို့က ခွင့်ပြုပြီး ဖြစ်ပါတယ်။  CDSCO ဟာ အမေရိကန်ကုမ္ပဏီ ဖိုင်ဇာနဲ့ အိန္ဒိယကုမ္ပဏီ ဘာရတ်တို့က တင်ပြတဲ့ ကိုဗစ်ကာကွယ်ဆေး အရေးပေါ်သုံးခွင့်ပြုရေး လျှောက်လွှာတွေကို ထည့်သွင်းစဉ်းစားနေတယ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။
2 months Ago
Up